ဝိုင်းမော် အထက (၂) ကျောင်းဆောင် မီးကွင်းပစ် မီးရိူ့ခံရ

ဝိုင်းမော် အထက (၂) ကျောင်းဆောင် မီးကွင်းပစ် မီးရိူ့ခံရ

ဝိုင်းမော်မြို့ ရပ်ကွက် (၂) တွင်ရှိသော အထက (၂) စာသင်ကျောင်းဆောင်ဝင်းအတွင်းသို့ မီးကွင်းပစ် မီးရိူ့ခံရကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက် ည ၇နာရီခန့်အချိန်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်လာရောက်ပြီး ကျောင်းဝင်းအတွင်းသို့ မီးကွင်းပစ် မီးလာရိူ့သွားသည်ဟု ကျောင်းအနီးရှိ မျက်မြင်သက်သေ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ကျောင်းရဲ့ အနောက်ဆောင်ကနေလာပြီး မီးကွင်းပစ် မီးလာရိူ့သွားတယ်။ အနီးတဝိုက်က လူတွေမြင်လိုက်လို့ ဆိုးဆိုးရွားရွား လောင်သွားတာက မဟုတ်ဘူး။ အချိန်မှီသွားလို့ပေါ့”ဟု ဆိုသည်။

ကျောင်းဆောင်မီးရိူ့ခံရသော်လည်း ကျောင်းအနီးတဝိုက်ရှိ ပြည်သူများက အချိန်မှီကယ်တင်လိုက်နိုင်ကြောင်း သိရသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...