ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ဆက်ကြေးငွေကောက်ခံနေ

ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ဆက်ကြေးငွေကောက်ခံနေ

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် တပ်စွဲအခြေချလာသည့် လီဆူပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာသောပြည်သူများထံမှ ဆက်ကြေးငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကားနဲ့ ဖြစ်တဲ့သူတိုင်းကို လိုက်တောင်းနေတယ်။ သူတို့က ဟင်းဖိုးဆိုပြီး ထည့်ခိုင်းတယ်။ ကြည့်ရသလောက်က သွားတာ လာတာ ကောက်တယ်”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်သည် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်း လက်အောက်ခံစခန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလ လဆန်းပိုင်းတွင် စတင်အခြေချနေထိုင်လာပြီး ယခုပတ်အတွင်းမှ စတင်ကာ ဆက်ကြေးငွေကောက်ခံလာသည်ဟု ၄င်းက ဆက်ပြာသည်။

ဝူယန်ကျေးရွာအတွင်းရှိ နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းကပ်ယက်တွင် လီဆူပြည်သူ့စစ်ဂိတ်ကို ဆောက်လုပ်ထားသောကြောင့် ဝူယန်ဒေသခံပြည်သူများ ကန့်ကွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်  ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ကျေးရွာအတွင်း ၎င်းတို့ မသင်္ကာသည့် သူများကိုလည်း ညအချိန်လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်ကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက်စောစောပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်နက်ကြီးများဖြင့် ၁၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...