ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF များကျဆုံးမှုရှိ၊ အရပ်သား ၅ ဦးကို စစ်ကောင်စီသတ်ဖြတ်

ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF များကျဆုံးမှုရှိ၊ အရပ်သား ၅ ဦးကို စစ်ကောင်စီသတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် Yaw Defense Force (YDF-ထီးလင်း)၊ Chinland Defense Force (CDF-မင်းတပ်) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ရဲဘော် ၁၃ ဦး၊ CDF (မင်းတပ်) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု YDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း သေဆုံးခဲ့ပြီး YDF (ထီးလင်း) မှ ၂ဦး၊ CDF (မင်းတပ်) မှ ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အရပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဆောမြို့နယ် ကျိန်ချောင်း နှင့်တောမ ရွာတို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်နှစ်စီးအသုံးပြုကာ ဝေဟင်မှပစ်ကူတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ PDF-ဆော၊ CDF- မင်းတပ်/ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ကာ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...