ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF များကျဆုံးမှုရှိ၊ အရပ်သား ၅ ဦးကို စစ်ကောင်စီသတ်ဖြတ်

ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF များကျဆုံးမှုရှိ၊ အရပ်သား ၅ ဦးကို စစ်ကောင်စီသတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် Yaw Defense Force (YDF-ထီးလင်း)၊ Chinland Defense Force (CDF-မင်းတပ်) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ရဲဘော် ၁၃ ဦး၊ CDF (မင်းတပ်) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု YDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း သေဆုံးခဲ့ပြီး YDF (ထီးလင်း) မှ ၂ဦး၊ CDF (မင်းတပ်) မှ ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အရပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဆောမြို့နယ် ကျိန်ချောင်း နှင့်တောမ ရွာတို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်နှစ်စီးအသုံးပြုကာ ဝေဟင်မှပစ်ကူတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ PDF-ဆော၊ CDF- မင်းတပ်/ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ကာ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...