ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၆ ရက် ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီး၌ ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး ဒဏ်ရာအနည်းငယ်ရသွားကြောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“အသံကတော့ တော်တော်ကျယ်တယ်၊ ကြားရသလောက်တော့ ဝန်ထမ်းနှစ်ယောက်လည်း ထိသွားတယ် ပြောတယ်၊ မှန်ကွဲသံတွေရော၊ အခုတော့ ဆေးရုံကားရော၊ ရဲတွေနဲ့ စစ်သားတွေလည်း ရောက်လာတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်သွားသော EPC ရုံးသည် ကလောမြို့ရှိ စစ်တပ်ထောက်လှမ်းရေးရုံးနှင့် စစ်ဦးစီးတက္ကသိုလ်၏ ပင်မဝင်ဂိတ်သွားသည့် လမ်းပေါ်တွင် တည်ရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ရဲနှင့် စစ်သားများက EPC ရုံး အနီးတစ်ဝိုက်နှင့် ရဲစခန်းရှေ့ နာရီစင်လမ်းတစ်လျှောက်ကိုလည်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...