မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ

မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃၂၀)ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ နေရပ်သို့ မပြန်နိုင်သေးသည့် ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှု ရှိနေသောကြောင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

“စားနပ်ရိက္ခာတွေလည်း မရှိတော့ဘူး။ အလှူရှင်တွေ ရောက်မလာတာ လဝက်ကျော်လောက်ရှိနေပြီ၊ ချွေတာပြီးတော့ ကြုံရာကို စားနေရတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

နေရပ်သို့ ပြန်သွားသည့် စစ်ရှောင်များသည်လည်း လက်ရှိမှာ စိုးရိမ်ထိတ်လန့်မှုဖြင့်သာ ပြန်သွားရသဖြင့် လုံခြုံစိတ်ချမှု မရှိသေးကြောင်း သိရှိရသည်။

“တစ်ချို့ပြန်သွားလည်း နေထိုင်ရတာ စိတ်လုံခြုံမှု မရှိသေးဘူး။ တိုက်ပွဲ ပြန်ဖြစ်မှာကို ကြောက်နေရသေးတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

စက်တင်ဘာ (၁၄)ရက်ကစတင်ပြီး မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်များ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်း တိုက်ပွဲငြိမ်သက်သွားသောကြောင့် စစ်ရှောင်အများစု နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ယနေ့ထိတိုင် စစ်ရေးတင်းမာနေသေးကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...