ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု

ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု

ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဝင်တိုက်ပြီးနောက် ၁ ခုကို သိမ်းပိုက်ထားပြီဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။

“ဝင်တိုက်တဲ့အဖွဲ့က တပ်စခန်း ၃ နေရာကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တစ်ခုသာ သိမ်းနိုင်သေးတယ်လို့ကြားသေးတယ်။ ကျန်တဲ့ တပ်စခန်းခုကိုတော့ သိမ်းတယ်လို့ မကြားမိသေးဘူး”ဟု KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ဘက်ခြမ်းရှိ နမ်ဂျန့်ဒေသ အနီးတဝိုက်ကျေးရွာများတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အောင်လဲန့် (Aung Len) ကျေးရွာတွင်ရှိသော တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ကြောင်း သူက ဆိုသည်။

KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ နမ်ဂျန်ဒေသအနီးတဝိုက်နှင့် အောင်လဲန့်၊ ဆိုင်းရာ စသော ကျေးရွာတွင် ရှိသော တပ်စခန်း ၃နေရာကို KIA က နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ၄နာရီအချိန်မှစတင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီဝန်းကျင်အထိ ၂ဖက်တပ်အပြန်အလှန် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ထိုဒေသရှိ ဒေသခံများပြောဆိုသည်။

ယနေ့ ထိုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့် စစ်ဗျူဟာကုန်းနှင့် ကံစီးကျေးရွာမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ဖားကန့် ဒေသတွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးနောက် စစ်ရေးငြိမ်သက်နေရာမှ ယခုအခါ KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...