အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်းဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံး

အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်းဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်နှင့် ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။

ကောလင်းနယ် အနောက်ဘက်ခြမ်းကျေးရွာအချို့တွင် ယခု ၂ ရက်အတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

"ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ ၆ယောက်ကတော့ မျက်နှာဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် နှိပ်စက်ခံထားရတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးနေသည့် အလောင်း ၇ လောင်းအား နိုဝင်ဘာ ၁၂ ရက် နံနက် ၉နာရီဝန်းကျင် မိုနံရွာအနီး (ဦးတင်ဦးကုန်းနားလေးက မန်ကျည်းပင်ရေစပ်) အနီးတွင် တွေ့ရှိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံများ၏ ခန့်မှန်းချက်အရ ကလေးငယ်၏ အလောင်းအပြင် ကျန်အလောင်း ၆‌ လောင်းသည် မိုနံရွာမှ ၅ ဦးနှင့် ဥက္ကံရွာ ၁ ဦးဖြစ်နိုင်ကြောင်း ပြောဆိုသည်။

"ပြီးခဲ့တဲ့ ၄ရက်လောက်က စစ်ကောင်စီတပ်က အဲရွာက ဒေသခံတွေကို ဖမ်းဆီးသွားတာတွေရှိတယ်။ ဖမ်းသွားတာ ဘယ်နှစ်ယောက်လဲ တိတိကျကျ မသိလိုက်ကြဘူး။ ခုသတ်ခံရတဲ့သူတွေတောင် ရုပ်ကမမှတ်မိတော့ ဘယ်သူဘယ်ဝါမှန်း တိတိကျကျ မပြောနိုင်ဘူး ခန့်မှန်းတာလောက်ဘဲရှိမယ်" ဟု အထက်ပါဒေသခံက ထပ်ပြောသည်။

မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာတို့သည် တစ်ဆက်တည်းရှိပြီး ကောလင်းမြို့၏ အနောက်ဘက်ခြမ်း ၂၆ မိုင်ခန့် အကွာတွင် တည်ရှိသည်။

လက်ရှိ ယင်းကျေးရွာများတွင် ဖုန်းလိုင်းအချို့နှင့် အင်တာနက်များ ဖြတ်တောက်ခံထားရသည့်အတွက် ပြည်သူမည်မျှ အသတ်ခံရသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...