မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၂ စီး နိုဝင်ဘာ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့အဝင်တွင် KIA တပ်ဖွဲ့စောင့်ကြိုပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေကူ ဒေသခံများမှ သိရသည်။

"ဘိုကုန်းကနေ စပစ်တာ သင်္ဘောဆိပ်ရောက်ခါနီးထိ ခါတိုင်းဆိုရင် မြို့အဝင်လောက်အထိဘဲ ပစ်တာ ဒီညတော့ သင်္ဘောဆိပ်ကပ်တဲ့အထိ အပြန်အလှန်ပစ်ခဲ့ကြတယ် ထိခိုက်မူ အခြေနေတော့ မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သင်္ဘောတစ်စီးတွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး ကျန်တစ်စီးသည် ရိက္ခာအပြည့် တင်ဆောင်လာသည့် သင်္ဘောဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

စစ်ကောင်စီတပ်သည် သင်္ဘောတက်လာသည့် မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးချထားသည့်အတွက် ကျောက်ကြီးအဝင်လုံခြုံရေး ယူပေးနေသည့် တပ်ဖွဲ့နှင့်လည်း တစ်ဆက်တည်း တိုက်ပွားခဲ့ကြောင်း သိရသည်။

" ကျောက်ကြီးမှာ စစ်သားတွေရှိတော့ သူတို့နဲ့ပါ တိုက်ပွဲငယ်ဖြစ်တယ် သင်္ဘောအဖွဲ့က တစ်လျှောက်လုံးရမ်းပစ်လာကြတာ ခုတော့ ရွှေကူသင်္ဘောကပ်သွားကြပြီ ထိခိုက်တာတော့ရှိနိုင်တယ် ဒီဘက်ကလည်း သင်္ဘောဆိပ်ကမ်းကပ်တဲ့ထိပါ လိုက်ပစ်တာဆိုတော့ "ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ သင်္ဘောသည် ရွှေကူမြို့အဝင်နား မကြာခနဆိုသလို ပစ်ခံနေရလေ့ရှိသည့်နေရာတစ်ခုဖြစ်သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...