အင်ဂျန့်ယန်သို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် KIA က လမ်းမကြီးကို ပိတ်ထား

အင်ဂျန့်ယန်သို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် KIA က လမ်းမကြီးကို ပိတ်ထား

အင်ဂျန့်ယန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်အင်အားအများအပြား တိုးချဲ့လာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှစကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်သည် အင်ဂျန့်ယန်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် မည်သူမှ သွားလာဖြတ်သန်ခွင့် မရှိအောင် ဂွေထောင် (Gwi Htau) ကျေးရွာအနီးတဝိုက်တွင် KIA က လမ်းပိတ်ဆို့ထားသည်မှာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဟု အင်ဂျန့်ယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အင်ဂျန့်ယန်လမ်းကို KIA က ပိတ်ထားတာ ဒီနေ့ဆို ၁၀ ရက်လောက်ရှိလာပြီ။ စစ်ကောင်စီတပ်သားတွေ စစ်အင်အား တိုးချဲ့လာတဲ့ နောက်ပိုင်းပိတ်လိုက်တယ်။ စစ်တပ်က ပြည်သူကိုအကာကွယ်ယူပြီး ထပ်မံစစ်အင်အား တိုးချဲ့လာမှာကို စိုးရိမ်လို့ ခဏယာယီပိတ်ထားတယ်လို့ဘဲသိရတယ်။ အခုဆို ဘယ်သူမှ သွားလာလို့မရဘူးပေါ့နော်” ဟုပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် အင်ဂျန့်ယန်မြို့နယ်အတွင်းသို့ စစ်အင်အားအများအပြားဖြင့် ဝင်ရောက်လာသည်မှာ စစ်ရိက္ခာသယ်ပို့ယူနိုင်ရန်နှင့် KIA ကို တိုက်ခိုက်ရန်ဖြစ်နိုင်သည်ဟု သူက သုံးသပ်ပြောဆိုသည်။

လက်ရှိ KIA က လမ်းပိတ်ဆို့ထားသည့်မှုကြောင့် အဆိုပါလမ်းမကြီးတစ်လျှောက် ဂွေထော်၊ တန်ဘောင်ယန်၊ ဆနီတူယန်၊ လဆီးဇွပ်၊ ခွန်စိုင်တော်ယန်၊ ကျော်စာ၊ ဘွမ့်နိမ့်ယန်နှင့် ကဒါ့ဇွပ့် စသောကျေးရွာများမှာ သွားလာဖြတ်သန်းခွင့် မရရှိသေးဘဲ ရှိနေသည်ဟု သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်က အဆိုပါအာဏာသိမ်းစစ်တပ်ကို ဆွမ့်ဒွန့် (SumDun Bum) ကျေးရွာအနီးတဝိုက်တွင် KIA တပ်ရင်း (၄) က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မတ်လကလည်း အင်ဂျန့်မြို့နယ်အတွင်းရှိ ဂွေထော်၊ တန်ဘောင်ယန် စသော ကျေးရွာအနီးတဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံအချို့ မြစ်ကြီးနားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ လမ်းခရီးပိုမိုခက်ခဲသော ဘွမ်ရာဘက်အထိ ထွက်ပြေးနေရဆဲဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...