လိုင်ဇာမြို့တွင် Covid-19 လူနာများကိုပြုစုကုသရန် အရေးပေါ်အဖွဲ့ ၄ ဖွဲ့ကို KIO ဖွဲ့စည်း

လိုင်ဇာမြို့တွင် Covid-19 လူနာများကိုပြုစုကုသရန် အရေးပေါ်အဖွဲ့ ၄ ဖွဲ့ကို KIO ဖွဲ့စည်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူဦးရေ တိုးများလာခြင်းကြောင့် အဓိကထားစောင့်ကြည့်ပေးမည့် အဖွဲ့ ၄ ဖွဲ့ကို အရေးပေါ် ဖွဲ့စည်းထားပြီဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှ သိရသည်။

လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများလာခြင်းကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ဒုတိယ အကြိမ် Lockdown သတ်မှတ်လိုက်ပြီးနောက် ကိုဗစ်စင်တာ သတ်မှတ်ပြုလုပ်သည့်အဖွဲ့ ၊ အစားအသောက် ဖြေရှင်းသည့်အဖွဲ့ ၊ ဆေးကုသပေးသည့်အဖွဲ့ နှင့် လုံခြုံရေးအဖွဲ့ စသည့်အဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“အစားအသောက်အတွက်က လိုင်ဇာမှာ ရောဂါဖြစ်နေတဲ့သူတွေအားလုံးကို ဘယ်လိုကျွေးရမယ်ကို အစားအသောက်အဖွဲ့က တာဝန်ယူပေးမယ်။ ဥပမာ-တစ်နေ့ ၃ နပ်ကျွေးမယ် အဟာရတွေကျွေးရမယ် ဆိုတာကအစ သူတို့ အဖွဲ့ကိုယ်တိုင် ရှာမယ်။ မြို့ကပဲ မှာမလား။ သူများဆီ အကူညီတောင်းလို့ရခဲ့ရင် ကျနော်တို့ ကော်မတီကို အကြောင်းကြားပြီး လုပ်မယ်။ နေရာခင်းကျင်းရေးအဖွဲ့ ကျတော့ ဟောခန်းလွတ်တဲ့နေရာတွေ ဘုရားကျောင်းတို့ ၊ စာသင်ကျောင်းတို့မှာ အိမ်ယာ၊ ကုတင် ၊ ရေ ၊ မီး ၊ အိမ်သာတွေကို လုပ်နေတာဖြစ်တယ်။ အရေးပေါ် အနေ နဲ့ လူနာတွေကို အကြိုအပို့ လုပ်ပေးတယ်။ လုံခြုံရေးအဖွဲ့အနေနဲ့က Lockdown သတ်မှတ်ချိန်အတွင်းမှာ စည်းကမ်းလိုက်နာဖို့အတွက် ပြည်သူတွေကို စောင့်ကြည့်ဖို့အတွက် အပြင်ကို မလိုအပ်ပဲ မထွက်ဖို့ စောင့်ကြည့်ပေးတယ်” ဟု ဆိုသည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် ဗီဒီယိုဖိုင်တွင် ဂျေယန့်စစ်ရှောင်စခန်းမှ ကိုဗစ် ရောဂါပိုး ကူးစက်ခံရသည့် မိခင်ကို ကလေးဖြစ်သူမှ မခွဲနိုင်၍ ငိုယိုနေသည့် မြင်ကွင်းကို  အမျိုးသားတစ်ဦးမှ “ရောဂါပိုးမရှိပဲနဲ့ ရှိပါတယ်ဆိုပြီး လာလာခေါ်နေကြတယ်” ဟု ပြောဆိုကာ မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်အပေါ် ဂျေယန့်စစ်ရှောင်စခန်းတာဝန်ခံက KNG သတင်းဌာနကို ယခုလို ပြောသည်။

၄င်းက “ကျနော်တို့ ဂျေယန့်စစ်ရှောင်စခန်းမှာ အခု ဗီဒီယိုရိုက်တင်တဲ့ တစ်ယောက်ပါပဲ။ သူ့ဖာသာသူရိုက်ပြီးတော့ လိုင်းပေါ်တင် အပြစ်ရှာတာပေါ့။ ကျန်တဲ့ စစ်ရှောင်စခန်းက ကိုဗစ်လူနာတွေက အဆင်ပြေပြေပါပဲ။ ကိုဗစ်ကော်မတီက လုပ်ဆောင်တဲ့အတိုင်း အဆင်ပြေအောင်တော့ အားလုံးကိုလုပ်ပေးနေတယ်။ မနက်စာအပါ ၃ နပ်ကျွေးပါတယ် တတ်နိုင်သလောက်။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၅၈၉ ဦး ရှိပြီဖြစ်ပြီး မိုင်ဂျာယာန်မြို့တွင် ၆၈၂ ဦး၊ ဂျေယန့်စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၃၄ ဦးရှိသည်ဟု သိရသည်။

KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က “ ကျနော်တို့ သတ်မှတ်ထားက ကိုဗစ်ရောဂါကူးစက်ခံရပြီဆိုရင် ဆေးရုံးတက်ရမယ်။ သားအမိ ၂ ယောက်မှာ ကလေးမှာက ရောဂါဖြစ်နေရင် အမေဖြစ်သူရောဂါ မဖြစ်လဲ ကလေးနဲ့အတူ ဆေးရုံလိုက်တက်တယ်။ မနေ့ညက ဖြစ်သွားတာက အကြောင်းစုံမသိလို့ ဖြစ်သွားတာ။ တကယ်လို့ အမေက ပိုးကူးစက်ခံရပြီး ကလေးကမဖြစ်ဘူး ဒါပေမဲ့ မိခင်နို့ မပြတ်သေးဘူး ကလေးကိုထားခဲ့ ဖို့ခက်တယ်ဆိုရင်လဲ မတတ်နိုင်ဘူး ကလေးကိုလဲ မိခင်နဲ့အတူထားရမယ်။ အရမ်းကြီးဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ ဗီဒီယိုရိုက်ပြီးတင်လိုက်တာပါပဲ။ ကျနော်တို့ ဘက်က ဖြေရှင်းလို့မပြီး သေးခင် ဖြစ်သွားတဲ့ အဓိပ္ပါယ်ပါပဲ”  ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...