မုံးကိုးမြို့နယ်တွင် ခြံသွားကြည့်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

မုံးကိုးမြို့နယ်တွင် ခြံသွားကြည့်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် ခြံသွားကြည့်သည့်အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မုံးကိုးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မြို့ပြင်တွင် ရှိသည့် ၎င်း၏ခြံကို သွားကြည့်ရာ လမ်းတွင် စစ်ကောင်စီတို့နှင့် တွေ့ပြီး ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့မှာ ညနေ ၃ နာရီဝန်းကျင်က သူ ခြံသွားကြည့်မယ်ဆိုပြီး အိမ်ကထွက်သွားတာတဲ့၊ လမ်းရောက်တော့ ဗမာ စစ်သားတွေက ရိုက်ပြီးဖမ်းသွားတာ၊ မြင်တဲ့သူက မြင်တယ်၊ မနေ့ကမှ ခြံစပ်နားလေးမှာ အလောင်းပြန်တွေ့တာ” ဟု မုံးကိုးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ပစ်သတ်ခဲ့သည့် အမျိုးသားသည် မုံးကိုးမြို့ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် သာမာန်ပြည်သူတစ်ဦးသာ ဖြစ်ပြီး ပစ်သတ်ခြင်း မခံရခင်မှာလည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်၊ ဘယ်ဘက်က ခြေထောက်လည်း ကျိုးနေတယ်၊ ဘာကြောင့် ခုလို ဖြစ်ရတာလဲတော့ မပြောတတ်ဘူး၊ မနေ့က အလောင်းကို လူမှုကူညီရေးအသင်းနဲ့ ရပ်ကွက်ကလူတွေပေါင်းပြီး သဂြိုလ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

မုံးကိုးမြို့နယ်သည် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က နေရာအနှံ့ စစ်အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...