ကသာမြို့နယ် မိုးတားလေးကျေးရွာအနီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲပြင်းထန် နေအိမ်များမီးလောင်

ကသာမြို့နယ် မိုးတားလေးကျေးရွာအနီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲပြင်းထန် နေအိမ်များမီးလောင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတား‌လေးကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်မှစကာ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၈ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီမနက် ၁၀နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ခုနတစ်ခေါက်ငြိမ်သွားတယ် ခုပြန်ပစ်နေကြပြီလို့။ လောလောဆယ် မီးကတော့ ငြိမ်းသွားပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာဘက်မှ ဆန်တက်လာသည့် သင်္ဘောအား လုံခြုံရေးလာရောက်ယူပေးနေသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်အား မိုးတားလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က PDF မှ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်အနီးရှိ မိုးတားလေးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးများကျပြီး နေအိမ် ၈ လုံးခန့် မီးလောင်ကာ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောသည်။

"ပြီးခဲ့တဲ့လ ၂၈ရက်ညက တိုက်ပွဲဖြစ်လို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာဟုတ်တယ်။ အဲဒါ မနေ့တစ်နေ့ကမှ ရွာထဲပြန်ရောက်လာကြတာ ဒီနေ့ထပ်ပြေးရပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ကလည်း ကသာဒေသခံတစ်ဦးအား လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ထားခဲ့ဟု ဒေသခံများ ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည် စက်တင်ဘာလ ၅ ရက် ၆ ရက်နေ့ Sagaing PDF နှင့် စစ်ကောင်စီတပ်တို့ကြား ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၅၀ ဦးခန့် သေဆုံးပြီး SPDF ဘက်ကလည်း ၅ ဦးခန့် ကျဆုံးခဲ့သည်။

ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...