Mizoram Pradesh Congress Committee (MPCC) ပါတီမှ စစ်ဘေးရှောင်များအတွက် ကူညီ

Mizoram Pradesh Congress Committee (MPCC) ပါတီမှ စစ်ဘေးရှောင်များအတွက် ကူညီ

မီဇိုရမ်ပြည်နယ်အတွင်း အကြီးမားဆုံးနိုင်ငံရေးပါတီတစ်ခုဖြစ်သော Mizoram Pradesh Congress Committee (MPCC) ပါတီမှ  မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်ပြည်သူများကို Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံမှတဆင့် နိုဝင်ဘာ ၆ ရက်နေ့က ကူညီထောက်ပံ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို Golden Hall, Congress Bhavan တွင် ကျင်းပပြုလုပ်ခဲ့ပြီး Congress ပါတီ အမတ် Pu Lalrindika Ralte (MLA) က MRRC အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

Pu Lalrindika Ralte (MLA) က “ချင်းလူမျိုးများ လက်ရှိတွေ့ကြုံနေရတဲ့အပေါ် အထူးစိတ်မကောင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် Congress ပါတီအနေဖြင့် အတတ်နိုင်ဆုံး လက်တွဲကူညီဆောင်ရွက်သွားမယ်။” ဟု ပြောသည်။

MPCC ပါတီမှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ဆန်အိတ် ၃၀၊ ဆေးဝါး၊ အဝတ်အစား နှင့်ငွေသား ရူပီး ၂၀၀၀၀ ပေးအပ်ခဲ့သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...