Mizoram Pradesh Congress Committee (MPCC) ပါတီမှ စစ်ဘေးရှောင်များအတွက် ကူညီ

Mizoram Pradesh Congress Committee (MPCC) ပါတီမှ စစ်ဘေးရှောင်များအတွက် ကူညီ

မီဇိုရမ်ပြည်နယ်အတွင်း အကြီးမားဆုံးနိုင်ငံရေးပါတီတစ်ခုဖြစ်သော Mizoram Pradesh Congress Committee (MPCC) ပါတီမှ  မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်ပြည်သူများကို Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံမှတဆင့် နိုဝင်ဘာ ၆ ရက်နေ့က ကူညီထောက်ပံ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို Golden Hall, Congress Bhavan တွင် ကျင်းပပြုလုပ်ခဲ့ပြီး Congress ပါတီ အမတ် Pu Lalrindika Ralte (MLA) က MRRC အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

Pu Lalrindika Ralte (MLA) က “ချင်းလူမျိုးများ လက်ရှိတွေ့ကြုံနေရတဲ့အပေါ် အထူးစိတ်မကောင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် Congress ပါတီအနေဖြင့် အတတ်နိုင်ဆုံး လက်တွဲကူညီဆောင်ရွက်သွားမယ်။” ဟု ပြောသည်။

MPCC ပါတီမှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ဆန်အိတ် ၃၀၊ ဆေးဝါး၊ အဝတ်အစား နှင့်ငွေသား ရူပီး ၂၀၀၀၀ ပေးအပ်ခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...