နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ် မီးရှို့ ဖျက်ဆီးခံရ

နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ် မီးရှို့ ဖျက်ဆီးခံရ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက် ည ၁၂ နာရီ ဝန်းကျင်ခန့်တွင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ကျန်မာရေးအပါအဝင် စုပေါင်းဂိတ်တစ်ခုဖြစ်သော အဆိုပါစခန်းကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သွားရောက် မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နောင်မွန်မြို့အဝင်ဂိတ် မီးရှို့ဖျက်ဆီးသွားတာက မှန်ပါတယ်။ အဲ့ဒီဂိတ်မှာက ကျန်မာရေး စစ်ဆေးပေးတယ်။ ခရီးသွားပြည်သူတွေကို မှတ်ပုံတွေစစ်တယ်။ နောက်ဌာနဆိုင်ရာဖြစ်တဲ့ မီးသတ်နဲ့ရဲလည်းရှိတယ်။ စုပေါင်းဂိတ်လို့ပြောလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကိုဗစ်ပိုပြီး စစ်ကြတယ်။ မီးရှို့ဖျက်ဆီးတာက ဘယ်အဖွဲ့အစည်းက လာရောက်ရှို့သွားတာကို အသိဘူးရလို့ပြောတယ်” ဟု ပြောဆိုသည်။

နောင်မွန်မြို့တွင် ယခုလို မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီလက်အောက် ဌာနေပြည်သူ့စစ်အဖွဲ့က စိုးမိုးကာ အုပ်ချုပ်သည့် နယ်မြေလည်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း စစ်ကောင်စီ ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်မှ အဆိုပါဒေသသို့ သွားရောက်ကာ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...