တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံး

တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေများဝင်သည့် နေအိမ်မှ ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။

နိုဝင်ဘာလ (၁)ရက် မနက် ၂ နာရီမှ စတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က/ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေဝင်သည့် နေအိမ်များမှ ပစ္စည်းများ ပျက်စီးဆုံးရှံးရကြောင်း တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

“မိုးတွေရွာလို့ မယ်ဆိုင်ချောင်းလည်းရေတက်လာတယ်၊ တောင်ကျရေတွေလည်း ကျလာတယ်ဆိုတော့ လမ်းမကြီးဘက်မှာလည်း ရေတွေတက်လာပြီး အိမ်တွေထဲကို ဝင်တယ်၊ တချို့က အိမ်အောက်ထပ် တစ်ခုလုံး ရေတွေပြည့်သွားတာ၊ အဲ့ကြောင့် အောက်ထပ်မှာရှိတဲ့ ပစ္စည်းပျက်စီးကုန်တယ်” ဟု တာချီလိတ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

လက်ရှိ ရေဝင်ရောက်နစ်မြုပ်နေသည့် နေအိမ်တချို့တွင် ဆိုင်ခန်းနှင့် တွဲလျက်ဖွင့်ထားသည့် နေအိမ်များဖြစ်နေကြောင်း၊ အိမ်အောက်ထပ် တစ်ခုလုံး ရေပြည့်နေသည့်အတွက် အိမ်ရှင်များအနေဖြင့် အပေါ်ထပ်တွင်သာ နေထိုင်ရကြောင်း သိရသည်။

“ဆိုင်ခန်းတွေကိုလည်း ရေဝင်တယ်၊ တချို့က အဝတ်အထည်ဆိုင်ဖြစ်တယ်၊ အိမ်က နှစ်ထပ်ဖြစ်နေလို့ လူတွေက အပေါ်ထပ်မှာ နေလို့ ရပေမဲ့ ပစ္စည်းတွေက သယ်ဖို့ အချိန်မရလိုက်ဘူးလေ” ဟု တာချီလိတ်မြို့ နေ ဒေသခံ အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယခုတစ်ကြိမ် ရေကြီးရေလျှံမှုသည် ရပ်ကွက်များအတွင်းထဲထိ ရေဝင်ရောက်ပြီး ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်၊၊

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...