မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ယနေ့ နိုဝင်ဘာ (၁)ရက် မနက် (၉) နာရီက စတင်ကာ လက်နက်ကြီးသံ ဆက်တိုက်ကြားနေရကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၁)ရက် မနက် (၉)နာရီကျော်မှ စတင်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ ပန်ကေတုကျေးရွာအုပ်စု ဟွေယွဲ့ကျေးရွာအနီး လက်နက်ကြီးသံ ကြားနေရကြောင်း သိရှိရသည်။

“ခုထိ ကြားနေရတုန်းပဲ။ ကုန်းပေါင်းရွာက တောင်ပေါ်ကနေ ဟွေယွဲ့ကျေးရွာတောင်ဘက်ကို ပစ်နေကြတာ။ လမ်းတစ်ဖက်ကနေပြီး ပစ်ကြတာ” ဟု ပန်ကေတု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိချိန်ထိ လက်နက်ကြီးသံကြားရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေပြီး မည်သည့်နေရာသို့ ထွက်ပြေးရမည်ကို မသိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်နေကြောင်း ကုန်းပေါင်းဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ ဘယ်မှာ သွားရှောင်ပြေးရမလဲဆိုတာ မသိသေးဘူး။ ဒေသခံတွေအားလုံးလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်။ အရမ်းစိုးရိမ်နေကြပြီ” ဟု ကုန်းပေါင်းဒေသခံ တစ်ဦးကပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ပန်ကေတုကျေးရွာမှာ စစ်ရှောင်များ (၆၇၄)ဦး တလကျော်ကြာ လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။

“မနက်ကတည်းက လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်။ ကျနော်တို့ ဟမ်းငိုင်းမှာနေတာတောင် ကြားနေရတယ်” ဟု ဟမ်းငိုင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် တလကျော်ကြာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးသည့် စစ်ရှောင်များလည်း ရှိနေကြောင်း သိရှိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...