ဖယ်ခုံမြို့ ဖမ်းဆီး လူသားဒိုင်းအသုံပြုခံရသူများ ယနေ့ထိတိုင် မလွတ်သေး

ဖယ်ခုံမြို့ ဖမ်းဆီး လူသားဒိုင်းအသုံပြုခံရသူများ ယနေ့ထိတိုင် မလွတ်သေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်သွားသည့် ဒေသခံ (၂၀)ဦး ယနေ့ထိ မလွတ်သေးကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေသည့် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ကို ယနေ့ထိတိုင် ၎င်းတို့၏ အခိုင်းအစေအဖြစ် ခေါ်ယူထားကြောင်း မျက်မြင်တွေ့သူက ပြောသည်။

“သူတို့ဖမ်းထားတာက PDFတွေ လာတိုက်မှာကြောက်လို့ ဒိုင်းကာ အနေနဲ့ ဖမ်းထားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ဖမ်းခံထားရတဲ့သူကို သူတို့ရဲ့ အစေခံလိုမျိုးခေါ်ထားတာ။ မနေ့ကလည်း သူတို့သုံးဖို့ ရေခပ်ပေးရတယ်လို့ ပြောတယ်။ ဒါက ကိုယ်တိုင်မြင်ခဲ့တဲ့ သူက ပြောပြလာတာပါ” ဟု အမည်၊ နေရပ် မဖော်ပြလိုသူက ပြောသည်။

ထိုဖမ်းဆီးခံရသူများကို လက်ရှိအချိန်ထိ အဆက်သွယ်မရရှိသေးကြောင်း၊ ဖယ်ခုံမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်းသိရသည်။

“သူတို့နဲ့တော့ အဆက်သွယ်မရရှိသေးဘူး။ သတင်းတော့ ကြားတယ်။ ပြန်မလွတ်လာသေးဘူး။ ဖယ်ခုံမှာတော့ တိုက်ပွဲမဖြစ်ဘူး။ စစ်ကောင်စီက တဖက်သတ် လက်နက်ကြီးတွေနဲ့ ပစ်နေတာတော့ရှိတယ်။ အခုက တိုက်ပွဲဖြစ်ရင် ကျနော်တို့ ဖမ်းခံထားရတဲ့သူတွေကို သူတို့ တခုခုလုပ်မှာ စိုးရိမ်ရတယ်” ဟု‌ ဒေသခံတဦးက ပြောသည်။

ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ (၂၉) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုဖမ်းခံရသည့် သူများသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်သူများဖြစ်ကြောင်း ၊ ရွာစောင့်အနေဖြင့် ရွာတွင်းနေထိုင်ခဲ့သည့် သူများဖြစ်ကြောင်း သိရသသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...