မိုးဗြဲမြို့ စစ်ကောင်စီရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦးသေ၊ ထိခိုက်မှုများရှိ

မိုးဗြဲမြို့ စစ်ကောင်စီရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦးသေ၊ ထိခိုက်မှုများရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သတင်းသိရသည်၊၊

ယနေ့ (အောက်တိုဘာ ၂၉) ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် သျှမ်း-ကယာနယ်စပ် မိုးဗြဲမြို့မှ မြို့ဦးရပ်ကွက် အနီးတွင် စစ်ကောင်စီတို့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်ဘက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစပစ်တုန်းကတော့ PDF နဲ့ တိုက်နေသလိုတော့ ရှိတယ်၊ ဒါပေမဲ့ ရပ်ကွက်ဘက်ကိုလည်း စစ်ကောင်စီတွေက လှမ်းပစ်လာတယ်၊ ထိခိုက်ဒဏ်ရာရရှိတာလည်းများတယ်။ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအခြေအနေအရ ကျည်ထိမှန်ပြီး သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး ကယ်ထုတ်နိုင်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ တချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း ဒေသအတွင်းလှုပ်ရှားနေသည့် လူမှုကူညီရေးအသင်းအဖွဲ့ထံမှ သိရသည်။

“သေဆုံးသွားတဲ့အမျိုးသမီး အလောင်းကိုတော့ ထုတ်နိုင်ခဲ့ပြီ၊ ရပ်ကွက် တော်တော်များများက ထိခိုက်လူနာများတယ်၊ တချို့နေရာကို ကျနော်တို့ သွားကယ်ထုတ်ဖို့ ကြိုးစားနေတုန်းပါ၊ ကျည်ဆံတွေကို ကြည့်ရှောင်ရတာမျိုးရှိလို့ တချို့နေရာအဆင်မပြေဘူး၊ အခုထိ ပစ်နေကြတုန်းပဲ” ဟု ဒေသတွင်းမှ ပရိဟိတအသင်းဝင် လူငယ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတို့သည် သျှမ်း–ကယားနယ်စပ် မိုးဗြဲဘက်မှ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမတလျှောက် စစ်ကြောင်းထိုးနေပြီး လူနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် အပြင် တွေ့သည့်လူများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၂၈) ရက် ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း ကျန်ရှိခဲ့သည့် ပြည်သူ (၂၀) ဦးခန့်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...