ဖယ်ခုံမြို့ ဒေသခံ (၂၀) ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ဖယ်ခုံမြို့ ဒေသခံ (၂၀) ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်သည့် အရပ်သား (၂၀) ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (အောက်တိုဘာလ ၂၉) ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်အေးကျေးရွာအတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းပြီး ကျေးရွာထဲ၌ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှင့် ပြုစုစောင့်ရှောက်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသံများက ပြောသည်။

“စကစတွေ လက်ကိုကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ ယောက်၂၀ လောက်ရှိတယ်၊ အဖိုးအိုလည်းပါတယ်၊ သူတို့က ရွာစောင့်တွေနဲ့ ကျန်ခဲ့တဲ့ ကျွဲတွေနွားတွေ လူအိုတွေကို စောင့်ရှောက်တဲ့သူတွေဖြစ်တယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးခေါ်ဆောင်သွားရာ၌ လက်ကို ကြိုးဖြင့်ချည်ထားပြီး မျက်လုံးများကို ပုဝါဖြင့်စည်းထားကြောင်း သိရသည်။

“လူအိုတွေဆိုတော့ ထွက်ပြေးဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ပြီးတော့ ကျန်တဲ့သူတွေဆိုတာကလည်း ဥပဒေဘောင်အတွင်းထဲမှာ နေတဲ့သူတွေဖြစ်တယ်၊ သူတို့တွေ ဘာမှမလုပ်ဘူး၊ PDF နဲ့လည်း ပပတ်သက်မှုမရှိဘူး၊ စစ်ကောင်စီတွေက လက်ကို ကြိုးတုပ်ပြီး မျက်လုံးကို ပုဝါနဲ့ပိတ်ထားတာ၊ တော်တော်ကို ရက်စက်တဲ့ စစ်ကောင်စီတွေ” ဟု ဒေသံခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတို့သည် ရွှေပြည်အေးရွာထဲသို့ ဝင်ရောက်လာပြီး ပိုင်ရှင်ထွက်ပြေးနေရသည့် ပြည်သူပိုင် အိမ်များအတွင်း ဝင်ရောက်စီးနှင်းကာ ပစ္စည်းများ ရိုက်ခွဲခြင်း၊ ပိုက်ဆံများကို ယူဆောင်သွားခြင်းများလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ထိုးစစ်ဆင်နေသည့် ဖယ်ခုံမြို့နယ်အပြင် ၎င်းတို့လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်ဖျက်စီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးချနေခြင်း စသည့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်နေလျက်ရှိကြောင်းလည်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...