မိုင်းယော် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်

မိုင်းယော် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အင်အားအများအပြား ဖြည့်တင်းလာကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၇) ရက်နေ့က မိုင်းယော်ကျေးရွာအုပ်စု ဟွေ့ဟုတ်ကျေးရွာအနီး စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)၊ ရခိုင်တပ်မတော် (AA) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာ (၂၈) ရက်မှာ စစ်ကောင်စီဘက်မှ စစ်အင်အားများ ဖြည့်တင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဒီနေ့တော့ တိုင်းရင်းသားတပ်တွေ တောင်ပေါ်ဘက်မှာ ရှိထားတယ်။ စစ်ကောင်စီ တပ်တွေနဲ့ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲပြန်ဖြစ်မယ်ထင်တယ်။ ခုလောလောဆယ် ပြည်သူ့စစ် အနီးဝန်းကျင်မှာ စစ်ကောင်စီ အင်အား (၅၀)၊ (၆၀) လောက်တော့ ရှိထားတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မန့်ပန်ပြည်သူ့စစ် စခန်းအနီးတွင် ရှိထားကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းရဲ့ အနီးနားမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ (၂) ဦးရှိနေတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၂၈) ရက် နေ့လည် (၁၂) နာရီဝန်းကျင်က စစ်ကောင်စီတပ်သား (၁၀၀) ကျော် မိုင်းယော်ကျေးရွာသို့ ဖြတ်ဝင်သွားပြီးချိန်မှာ ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA ၊ ရခိုင်တပ်မတော် (AA) ၊ ကချင်တပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ လှုပ်ရှားရာဒေသဖြစ်သည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...