ဖမ်းဆီးခံ ကိုအောင်ဆန်းနေအိမ် ကျည်ဆံ ရှိသည်ဟု စစ်ကောင်စီ စွတ်စွဲ

ဖမ်းဆီးခံ ကိုအောင်ဆန်းနေအိမ် ကျည်ဆံ ရှိသည်ဟု စစ်ကောင်စီ စွတ်စွဲ

သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားသည် ကိုအောင်ဆန်း၏နေအိမ်တွင် ကျည်ဆံရှိသည်ဟု စွတ်စွဲထားကြောင်း စုံစမ်းသိရှိရသည်။

ကိုအောင်ဆန်းကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလအတွင်း ၎င်း၏နေအိမ်ကို သွားရောက် ရှာဖွေရာတွင် ကျည်းဆံတွေ့သည်ဟုဆိုပြီးစွတ်စွဲထားကာ ကိုအောင်ဆန်းကို ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

“ပြန်မလွှတ်လာသေးဘူး။ သူတို့ ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီး ၁၅ ရက်လောက်ကြာမယ်ထင်တယ်။ တစ်ခါ သူ့အိမ်မှာ ပြန်လာရှာတယ်။ လာရှာတော့ ကျည်ဆံတွေ့တယ်လို့ပြောတယ်။ တကယ်တော့ ကိုအောင်ဆန်းမှာ ဘာမှမရှိဘူး။ ကိုအောင်ဆန်းက သူအလုပ်နဲ့တောင် သူမအားဘူး။ သူတို့ရဲ့ ဇာတ်ကွက်ဘဲဖြစ်မှာပါ” ဟု ကိုအောင်ဆန်းနှင့် ရင်းနှီသူက ပြောသည်။

လက်ရှိအချိန်တွင် ကိုအောင်ဆန်းကို ဖုန်းဆက်သွယ်ပြောခွင့်ရသော်လည်း လူနှင့်တွေ့ဆုံးခွင့်မရရှိသေးကြောင်း သိရသည်။ ကိုအောင်ဆန်းကို အမှုဖွင့်အရေးယူထားသော်လည်း ယနေ့ချိန်ထိ ရုံးထုတ်စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

“ဖုန်းနဲ့ပြောခွင့်ရတယ်။ လူကိုတော့ သူတို့မပေးတွေ့ဘူး။ ဒီနေ့ဖုန်းပြောခွင့်ရတယ်။ သူကျန်းမာရေးအခြေနေလည်းကောင်းတယ်။ သူ့ကို အမှုဖွင့်ထားတယ်လို့ပြောတယ်။ ကျနော်တို့လည်း ဘာအမှုနဲ့ဖွင့်လည်း မသိရဘူး။ ဒါ‌‌ပေမဲ့ ဒီနေ့ချိန်ထိတော့ ရုံးထုတ်ပြီး စစ်ဆေးတာတော့ မရှိသေးဘူး။” ဟု အထက်ပါလူက ပြောသည်။

ကိုအောင်ဆန်းသည် ပင်လောင်းမြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းခံထားရကြောင်း သိရသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းက တောင်ရိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်းနှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...