စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်ညွှန်မှူးနေအိမ် ပေါက်ကွဲမှုဖြစ်

စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်ညွှန်မှူးနေအိမ် ပေါက်ကွဲမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် သပြေလမ်း၊ နယ်မြေ (၂) ရှိ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၂၈) ရက် နေ့လယ် (၁၂) နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ ကြားလိုက်ရတယ်၊ ဆင်ထားတဲ့ဗုံးလား ဘာလားတော့ မသိရသေးဘူး၊ ထိခိုက်ပျက်စီးမှု ရှိ မရှိလည်း မသိရသေးဘူး၊ အခုလည်း ရဲနဲ့ စစ်သားတွေရောက်လာပြီး စစ်နေကြတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မကြာခင်တွင် စစ်သားနှင့်ရဲများ ရောက်ရှိလာပြီး ဦးစိုင်းထွန်းထွန်း၏ နေအိမ်ဝန်းအပြင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်သည်ဟု သိရသည်။

သျှမ်းပြည် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် စည်ပင်ဝန်ထမ်း အသိုင်းအဝန်းမှ လက်အောက်ဝန်ထမ်းများကို ဖိအားပေးသူတစ်ဦးဖြစ်သည့်အပြင် တခြားသောဌာနများမှ CDM လုပ်သည့် ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်နေသူ ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ် နေကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...