မိုင်းတုံမြို့ တပ်ထောက်ခံပွဲ စစ်ကောင်စီမှ အတင်းအဓမ္မခေါ် တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေး

မိုင်းတုံမြို့ တပ်ထောက်ခံပွဲ စစ်ကောင်စီမှ အတင်းအဓမ္မခေါ် တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ တပ်မတော်ထောက်ခံပွဲအတွက် စစ်ကောင်စီမှ အတင်းအဓမ္မခေါ်ပြီး ပါဝင်သည့် ပြည်သူများ တစ်ဦးလျှင် (၅၀၀၀) ကျပ်ပေးသည်ဟု စုံစမ်းသိရှိရသည်။

မိုင်းတုံမြို့တွင် ယနေ့ (အောက်တိုဘာ ၂၆) မနက် ၉ နာရီဝန်းကျင်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ကြပြီး ဒေသခံပြည်သူများက မဖြစ်မနေ လိုက်ပါဆန္ဒပြရကြောင်း သိရသည်။

“သူတို့ မဖြစ်မနေသွားခိုင်းတာ။ မသွားရင် မရဘူးတဲ့။ အပေါ်ကနေပြီးတာ့ အုပ်ချုပ်ရေးမှူးကို ပြောလာတာ။ သွားတဲ့သူက တစ်ရက် (၅၀၀၀) ရတယ်လို့ပြောတယ်။ ကျနော်တို့တော့ လိုက်မသွားတော့ မရဘူး” ဟု မိုင်းတုံဒေသခံတဦးက ပြောသည်။

မိုင်းတုံမြို့တွင် တပ်မတော်‌ထောက်ခံပွဲကို တက်ရောက်ခဲ့သူ (၆၀၀) ကျော်ရှိပြီး အများစုသည် လားဟူတိုင်းရင်းသားများဖြစ်ကာ စစ်ကောင်စီမှ အတင်းအဓမ္မခေါ်ယူခြင်းကြောင့် လိုက်ပါရခြင်းဖြစ်သည်ဟု မိုင်းတုံ ဒေသခံတစ်ဦး က ပြောသည်။

“သူတို့မဖြစ်မနေသွားခိုင်းတာလေ။ အကုန်လုံးသွားရတယ်။ အင်အား (၆၄၀) လောက်ရှိတယ်။ အများစုကတော့ ဘာမှ သိပ်မသိတဲ့သူတွေပေါ့။ နိုင်ငံရေးပိုင်း နားမလည်တဲ့သူတွေ များတယ်။ လားဟူလူမျိုးတွေကို အများစုခေါ်သွားတယ်” ဟု မိုင်းတုံမြို့ ဒေသခံတဦးက ပြောသည်။

သျှမ်းပြည်တွင် တပ်ထောက်ခံပွဲကို လားရှိုးမြို့၊ တန့်ယန်းမြို့၊ လွိုင်လင်မြို့၊ မိုင်းတုံမြို့တို့တွင် ပြုလုပ်နေကြရကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူ (၁၁၉၉) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး (AAPP) က အောက်တိုဘာ (၂၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...