လားရှိုးမြို့ရှိ ကျေးရွာအတွင်း စစ်ကောင်စီများ ဝင်ရောက်စစ်ဆေးရှာဖွေနေ

လားရှိုးမြို့ရှိ ကျေးရွာအတွင်း စစ်ကောင်စီများ ဝင်ရောက်စစ်ဆေးရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအုပ်စု ကောင်းကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအတွင်း လွန်ခဲ့သည့် အောက်တိုဘာ (၂၄) ရက်နေ့ ည (၉) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေး ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့က ကျနော်တို့ ရွာထဲကိုဝင်လာပြီးတော့ သေနတ်ပစ်ဖောက်တာ။ ပြီးတော့ တအိမ်စီကို ဝင်စစ်ဆေးရှာဖွေတာ။ သူတို့ရဲ့ ခြံဘက်မှာ ဗုံးတွေ့လို့ဆိုပြီးတော့ လာရှာတာတဲ့။ ကျနော်တို့ရွာထဲက ဒေသခံတွေ ကိုင်တဲ့ တူးမီးသေနတ်လည်း သိမ်းယူသွားတယ်” ဟု ကောင်းကြဲ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ‌အောက်တိုဘာ (၂၄) ရက် ည (၉) နာရီတွင်လည်း စစ်ကောင်စီ သေနတ်ပစ်ခတ်မှုကြောင့် ကောင်းကြဲကျေးရွာ အတွင်းရှိ ဒေသခံဆိုင်ကယ်တစ်စီး ထိမှန်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ စစ်ကောင်စီ တပ်ဖွဲဝင်များသည် ကောင်းကြဲကျေးရွာထဲတွင် တပ်ဆွဲထားသောကြောင့် ဒေသခံများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

ဆက်လက်ပြီး ကျေးရွာမှာနေထိုင်သည့် လူငယ်တစ်ဦးက “ဟိုနေ့က လာစစ်ပြီးတဲ့နောက် သူတို့က ကျနော်တို့ရွာထဲမှာရှိတဲ့ ကောင်းမှုရွာအဝင်လမ်းထိပ်မှာစောင့်နေတာ။ သူတို့ နေ့တိုင်းလာစောင့်နေတာ။ ကျနော်တို့ကြောက်တယ်။ အပြင်တောင် သိပ်မသွားရဲဘူး။ သူတို့ ရွာထဲ ထပ်ဝင်လာမှာကို စိုးရိမ်တယ်။ သူတို့ကို ရွာထဲထပ်မလာစေချင်ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ နေအိမ်များကို အကြောင်းမဲ့ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...