တောင်ကြီး KTV ဆိုင် စစ်ကောင်စီဝင်ဖမ်း၊ လူ (၃၀) ဦးပါသွား

တောင်ကြီး KTV ဆိုင် စစ်ကောင်စီဝင်ဖမ်း၊ လူ (၃၀) ဦးပါသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ KTV ဆိုင်တစ်ဆိုင် စစ်အာဏာပိုင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ (၃၀) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၆) ရက် မနက် (၁) နာရီအချိန်က တောင်ကြီး အဝေရာမီးပုံးပျံကွင်းရှေ့ရှိ (100)% ဆိုင်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၊ စစ်လက်အောက်ခံရဲများ၊ တပ်သားများ လူအင်အား (၅၀) ခန့် သွားရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ကိုဗစ် စည်းကမ်းနဲ့မညီလို့ ဝင်ဖမ်းတာ။ ဆိုင်မန်နေဂျာ အပါအဝင် ဆိုင်က လူ (၃၀) ကျော်လောက်ပါသွားတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်–၁၉ ကာကွယ်တားဆီးသည့်အနေဖြင့် တောင်ကြီးမြို့မှာ နေ့လယ် (၁၂) နာရီနောက်ပိုင်း စစ်ကောင်စီမှ ဆိုင်များ ဖွင့်ခွင့်မပြုထားကြောင်း စုံစမ်းသိရှိရသည်။

“ဘာအမှုဖွင့်ထားလဲတော့ မသိရဘူး။ အမှတ် (၁) ရဲစခန်းမှာ ရှိထားတယ်လို့တော့ကြားတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာပြီး သေဆုံးမှုလည်းရှိနေသောကြောင့် လူစုလူဝေးမဖြစ်စေရန်အတွက် ဈေးဝယ်ခွင့်လက်မှတ်များကိုင်ဆောင်မှသာ အပြင်သို့ ထွက်ခွင့်ပြုထားကြောင်း သိရှိရသည်။

တောင်ကြီးမြို့တွင်းသာမက တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များလည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ Stay at Home စည်းမျဉ်းစည်းကမ်းများ မလိုက်နာသူများကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...