ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်များ ပျက်စီး

ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်များ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ကောင်စီတို့သည် လူနေမြို့ရပ်ကွက်များအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်း (၁၂) နာရီခွဲ ဝန်းကျင်အချိန်တွင် သျှမ်းပြည်တောင်ပိုင်း သျှမ်း–ကယားနယ်စပ်ရှိ ဖယ်ခုံမြို့မှ ကုန်းဆုံဘုရားတောင်ပေါ် တွင် Pekhon PDF ၊ KNDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်တို့က ဖယ်ခုံမြို့ပေါ်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကုန်းသာတောင်ပေါ်မှာ ပစ်ကြတာ၊ အစက PDF နဲ့ ပစ်နေရင်းကနေ စစ်ကောင်စီတွေက ရပ်ကွက်ထဲကို လှမ်းပစ်တာ၊ ကျနော်တို့ ရပ်ကွက်က အိမ်နှစ်လုံးနဲ့ ဆိုင်တစ်ဆိုင်လည်း ထိသွားတယ်၊ လူတွေလည်း ယမ်းစမှန်ထားတာရှိတယ်၊ တိုက်ပွဲက တစ်နာရီကျော်ကြာတယ်၊ စစ်ကောင်စီဘက်ကလည်း ကျတဲ့သူ ရှိတယ်လို့ ပြောကြတယ်၊ ကျနော်တို့တော့ အတိအကျမသိရဘူး” ဟု ဖယ်ခုံမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ ဖယ်ခုံမြို့တွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်များ၏ ခေါင်မိုးများတွင် ကျည်ပေါက်ရာများစွာနှင့် တံခါး၊ ပြတင်းပေါက်နှင့် မှန်ဗီဒိုများလည်း ပျက်စီးရကြောင်း သိရသည်။

“အိမ်ကပျက်စီးတော့ အမျိုးအိမ်တွေမှာ သွားနေနေရတယ်၊ အရင်တုန်းက ရွာကလူတွေက မြို့ပေါ်ကို စစ်ရှောင်ရောက်လာတယ်ပေါ့နော်၊ အခုတော့ ကျနော်တို့ မြို့ပေါ်နေတဲ့သူတွေလည်း စစ်ဘေးရှောင်ရမလိုဖြစ်နေပြီ၊ စစ်ကောင်စီတွေက ဒီလိုပဲ ရမ်းပစ်နေရင် မလုံခြုံတော့ဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ထိုနည်းတူ ယမန်နေ့တွင်လည်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ကောင်စီနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတို့မှ လူနေအိမ်များဘက် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲပြည်သူများ နေအိမ်စွန့်ခွာပြီး စစ်ဘေးဒဏ် တိမ်းရှောင်နေရကြောင်း သိရသည်။

မိုးဗြဲမြို့တွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် – MBPDF က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...