စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ခံရသည့် ဟိုပုံးလူငယ် (၂) ဦးသာ လွတ်မြောက်လာ

စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ခံရသည့် ဟိုပုံးလူငယ် (၂) ဦးသာ လွတ်မြောက်လာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်အာဏာရှင် ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ (၁၁) ဦးထဲမှ (၂) ဦးသာ ပြန်လွှတ်သေးကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၁၈) ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆန္ဒပြပြည်သူများနှင့် စပ်လျဉ်းကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းလိုက်သည့် အပြစ်မဲ့ပြည်သူ (၄၃၂၀) ဦးအထဲမှ ဟိုပုံးလူငယ် (၂) ဦးသာ လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ဖမ်းထားတဲ့ (၁၁) ဦးက အမျိုးသမီး (၂) ဦးပဲ လွတ်လာသေးတယ်။ ကျန်တဲ့ (၉) ဦးတော့ မလွှတ်သေးဘူး။ တောင်လေးလုံးအကျဉ်းထောင်မှာ ရှိနေသေးတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျန်ရှိသည့် (၉) ဦးမှာ NLD အမတ် ဦးကျော်အေး၊ ကမ္ဘောဇတိုင်းသတင်းဌာနမှ (၄) ဦးနှင့် ဟိုပုံးလူငယ် အမျိုးသား (၄) ဦး ကျန်ရှိနေသေးတာဖြစ်ကြောင်း သိရှိရသည်။

“ကျန်တဲ့သူတွေလည်း လွှတ်ပေးဖို့ မိသားစုတွေက မျှော်လင့်နေကြတယ်။ အပြစ်မရှိပဲ မတရားဖမ်းဆီးခံထားရတဲ့သူတွေ အကုန်လွတ်လာဖို့ မြို့နေပြည်သူတွေလည်း ဝိုင်းဆုတောင်းနေကြတယ်” ဟု ဟိုပုံးဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

အောက်တိုဘာ (၁၈) ရက်က အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှာရှိသည့် အကျဉ်းကျခံနေရသူ (၁၃၁၆) ဦးကို လွှတ်ပေးရန်နှင့် အမှုရင်ဆိုင်နေရသူ (၄၃၂၀) ဦးကိုလည်း အမှုပိတ်သိမ်းပေးပြီး အမှုကလွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီမှ အမှုရှုပ်သိမ်းပေးသော်လည်း ပြန်လည်လွတ်မြောက်လာသူအချို့ကို ထပ်မံအမှုဖွင့်ပြီး ပြန်လည် ဖမ်းဆီးသွားသည့်သူများလည်း ရှိသည့်အတွက် လွတ်မြောက်လာသူတချို့က စိုးရိမ်နေကြရကြောင်း သိရှိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...