တနိုင်း-ရှင်ဗွေယန် လမ်းမပေါ် စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ် စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်း – ရှင်ဗွေယန် လမ်းမပေါ်  တရုန်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ပြီးနောက် တခက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အောက်တိုဘာလ ၂၅  ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ရှင်ဗွေယန်မှ စစ်ကား ၃ စီး စစ်အင်အား ၆၀ ဝန်းကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင်း KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၄၅ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခုတိုက်ပွဲဖြစ်နေတာက တခက်ကျေးရွာအနီးမှာ ဟုတ်တယ်။ ယနေ့နံနက်ပိုင်း ရှင်ဗွေယန်ကနေ ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ KIA က မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်နေတာက မိနစ် ၂၀လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်နေကြတုန်း။ ထိခိုက်မှုအခြေအနေက မသိရသေးဘူး” ဟု ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ ရှင်ဗွေယန် မှ ခလုန်းကျေးရွာအထိ စစ်ကား ၃ စီးဖြင့် ပို့ထားခဲ့ပြီး ထိုနေရာမှ တဆင့် ခြေကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင် တိုက်ခိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက် ယမန်နေ့ နံနက်  ၅နာရီခွဲဝန်းကျင်ခန့်ကလည်း တနိုင်း မှ ရှင်ဗွေယန် ဘက်သို့ တက်လာသည့် 4-D အိမ်စီးကား ၂ စီးကို KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

အဆိုပါ ကား ၂ စီးတွင် စစ်ကောင်စီနှင့် သက်ဆိုင်သူများလည်းပါဝင်နေသည့်အပြင် ဖြတ်သန်းသွားလာခြင်းမပြုရသောအချိန်တွင်ဖြတ်လာသောကြောင့် အဆိုပါ ယာဉ်မောင်း ၂ ဦးကို KIA က ကားမီးရှို့ဖျက်ဆီးခိုင်းလိုက်ခြင်းဖြစ်ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ခု ထံမှသိရသည်။

“သူတို့က သတ်မှတ်ထားတဲ့အချိန်ကို လိုက်နာမှုမရှိဘူး။ KIA က နံနက် ၆ နာရီကနေ ည ၆ နာရီအထိသာ ယာဉ်မောင်းနင်းခွင့်ပြုတာကို အသိပေးကြေညာထားပြီဖြစ်တယ်။ အဲ့တာကို လိုက်နာမှုမရှိဘူး။ ပြီးရင် အဲ့ကား ၂ စီးမှာ ရဲတပ်သား တစ်ယောက်နဲ့ စစ်သားတစ်ယောက်ပါလာတယ်လို့ကြားတယ်။ အဲ့ကြောင့် KIA က စစ်ဆေးပြီး မီးရှို့ဖျက်ဆီးခိုင်းလိုက်တယ်” ဟု ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း တနိုင်းဘက်က စစ်ကောင်စီတပ် လဂျားဘွမ့်ဘက်သို့ စစ်အင်အား ၅၀ ခန့်က ခြေကျင်ဖြင့် တိုးချဲ့လာသဖြင့် လဂျားဘွမ့်ရွာဦးထက်အပိုင်းရှိ တခန်းခ (Da Hkan Hka) အနီးတွင် KIA က  ၂ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလတွင်လည်း တရုန်ဘက်သို့ စစ်အင်အား အများအပြားတိုးချဲ့လာသောကြောင့် ၁၀ ရက်ကျော်ခန့်အကြာ တနိုင်းနှင့်ရှင်ဗွေယန်လမ်းမကြီးပေါ်တစ်လျှောက်တွင် KIA က စောင့်ကြိုကာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...