ပန်ဆိုင်းမှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်

ပန်ဆိုင်းမှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။



“၅ နာရီခွဲခန့်က ကိုးကန့် ၇ ယောက်ပဲ အရက်လည်းသောက်ထားကြတယ်။ မနောကွင်းနားကနေ စစ်ကောင်စီတပ်ကို အနီးကပ်လာပစ်သွားတာ။ လာပစ်တော့ ဟိုကလည်း လက်နက်ကြီးနဲ့ပြန်ပစ်တာ ရွာသစ်ဘက်က နေအိမ်တွေမှာလာကျတယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။



ကျည်ထိမှန်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ ဆရာမ နန်ဘောက်ဆိုသူဖြစ်ပြီး အိမ်အောက် မြေအောက်ခန်းမှာ ပုန်းနေရာကနေ အပြင်ခဏထွက်ရာမှ အိမ်အောက်နား လက်နက်ကြီး ကျရောက်ပေါက်ကွဲသွားတဲ့ လက်နက်ကြီးစ လာထိမှန်တာလို့ ပြောပါတယ်။



ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ လူငယ်အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး လက်နက်ကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။



စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်အတွင်း ဩဂုတ်လ ၄ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ လက်နက်ကျည် ထိမှန်သေဆုံးသူ အမျိုးသမီး ၅ ဦးရှိပြီဖြစ်ပြီး လက်နက်ကျည် ထိမှန်ဒဏ်ရာရသူ အမျိုးသမီး ၁ ဦး ရှိပြီဖြစ်ပါတယ်။



Photo: လက်နက်ကြီးကျည်ထိမှန်သော ပန်ဆိုင်းမြို့မှ ကချင်အမျိုးသမီး

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...