တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်

ကချင်ပြည်နယ် တနိုင်း-ရှင်ဗွေယန်လမ်းမပေါ်ရှိ လဂျားဘွမ့်နှင့် တရုန်ကျေးရွာ ၂ခုကြားတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက် ထိခိုက်မှုများနိုင်ကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ နံနက် ၈နာရီခွဲအချိန်တွင် လဂျားဘွမ့်ဘက်သို့ စစ်အင်အား ၅၀ခန့်ဖြင့်တက်လာသော စစ်ကောင်စီတပ်ကို လဂျားဘွမ့် ရွာဦးအထက်ပိုင်းရှိ တခန်ခ (Da Hkan Hka) အနီးတွင် KIA က စောင့်ကြိုကာ ၂ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လဂျားဘွမ့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"တိုက်ပွဲဖြစ်တာက ၈နာရီလောက်မှာဖြစ်တယ်။ KIA က လမ်းမှာ စောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ရွာကနေအကျယ်ကြီး ကြားရတယ်။ ပြီးရင် စစ်တပ်ဘက်က အထိနာဖို့များတယ်။ မိုင်းထိပြီး အော်တဲ့အသံတွေလည်းကြားရတယ်။ ဘယ်လောက်ထိ ထိခိုက်သေဆုံးတာက မသိရပါဘူး" ဟု ပြောဆိုသည်။

KIA ၏ မိုင်းခွဲတိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက် မိုးမလင်းမှီ တနိုင်းမြို့မှ ရှိန်လုံကျေးရွာအထိ စစ်ကားများဖြင့် တိုးချဲ့လာသောအဖွဲ့ဖြစ်ပြီး တရုန်ဘက်သို့ ပြန်တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ တရုန်ဘက်သို့တက်လာသည့် စစ်ကောင်စီအဖွဲ့မှာ တက်လာသည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာတစ်ချို့တွင် အိမ်မွေးတိရိစ္ဆာန်များအား ကားဖြင့် တိုက်သတ်မှုများရှိခဲ့ပြီး လက်ရှိတွင် လဂျားဘွမ့်ကျေးရွာအနီးတဝိုက် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA တို့ကြား လဂျားဘွမ့်ကျေးရွာတွင် ၂ ဖက်တပ် စောင့်ကြည့်အနေထားရှိနေပြီး စစ်ရေးတင်းမာမှုတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သော စက်တင်ဘာလကလည်း တရုန်ကျေးရွာတွင် ပြန်လည်အခြေချရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့သည်။

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...