မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူကြီးတစ်ဦးသေဆုံး

မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူကြီးတစ်ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ် ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အသက် ၆ နှစ်အရွယ်ကလေး ငယ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး လူကြီးတစ်ဦးသေဆုံးခဲ့ သည်ဟု CDF-Matupi ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် မတူပီ-မင်းတပ်လမ်း၊ ခြန်းပြန်း(ခ) လမ်းကြောင်းတွင်လည်း ပြည်သူ ၁ ဦး ထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ မတူပီ-မင်းတပ် လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေးများကို ယခု အပတ်မှစတင်ပြီး တောက်လျှောက်လုပ်ဆောင်လာကြသည့်အပြင် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားနေကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ (၁၅) ရက်နေ့ ညေန ၆ နာရီတွင် CDF-Matupi နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ အကြား ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးခဲ့သည်ဟု သိရျပီး CDF-Matupi ဘက်မှ ကျဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းများ မရှိိခဲ့ကြောင်းကိုလည်း CDF-Matupi ထုတ်ပြန်ထားသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...