မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူကြီးတစ်ဦးသေဆုံး

မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူကြီးတစ်ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ် ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အသက် ၆ နှစ်အရွယ်ကလေး ငယ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး လူကြီးတစ်ဦးသေဆုံးခဲ့ သည်ဟု CDF-Matupi ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် မတူပီ-မင်းတပ်လမ်း၊ ခြန်းပြန်း(ခ) လမ်းကြောင်းတွင်လည်း ပြည်သူ ၁ ဦး ထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ မတူပီ-မင်းတပ် လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေးများကို ယခု အပတ်မှစတင်ပြီး တောက်လျှောက်လုပ်ဆောင်လာကြသည့်အပြင် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားနေကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ (၁၅) ရက်နေ့ ညေန ၆ နာရီတွင် CDF-Matupi နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ အကြား ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးခဲ့သည်ဟု သိရျပီး CDF-Matupi ဘက်မှ ကျဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းများ မရှိိခဲ့ကြောင်းကိုလည်း CDF-Matupi ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...