မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ-ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်ပြီး အခုလို နယ်စပ်ကို ဝင်ရောက်လာတဲ့အချိန်မှာ ဖမ်းဆီခံခဲ့ရတာပါ။

အဲ့ဒီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတော့ ကိုဗစ်ရောဂါရှိ/မရှိ စစ်ဆေးရာမှာ ရောဂါမတွေ့ရှိရဘူးလို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်မားလာတာကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာမှုတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...