မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ-ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်ပြီး အခုလို နယ်စပ်ကို ဝင်ရောက်လာတဲ့အချိန်မှာ ဖမ်းဆီခံခဲ့ရတာပါ။

အဲ့ဒီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတော့ ကိုဗစ်ရောဂါရှိ/မရှိ စစ်ဆေးရာမှာ ရောဂါမတွေ့ရှိရဘူးလို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်မားလာတာကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာမှုတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...