Published
Monday, October 04, 2021
ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက်ကလေးငယ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဌာနကိုထောက်ပံ့ငွေပြန်အပ်၍ ဝေဖန်မှုရှိ (အောက်တိုဘာလ ၀၃၊ ၂၀၂၁)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ခိုးမှု၊ လုယက်မှုနဲ့ ဓားပြမှုတွေ များလာတဲ့အတွက် ရပ်ကွက်တချို့မှာ ရပ်ကွက်သူ/သားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကင်းစောင့်နေကြရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတဲ့အတွက် ရခိုင်မှာ စက်သုံးဆီပြတ်တောက်သွားမှာကို စိုးရိမ်နေရတယ်လို့ ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းက ပြောပါတာယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက်ကလေးငယ်တွေအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ငွေကျပ်သိန်းပေါင်း ၁ သောင်းကျော်ကို ဌာနကိုပြန်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေမှုတွေရှိနေပါတယ်။






