ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

နေအိမ်ကနေတိမ်းရှောင်နေတဲ့ ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းကို ဖမ်းမမိလို့ ၄င်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာ ဦးမျိုးဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ဇနီးဖြစ်သူကို ကနဦးဖမ်းဆီးပြီးနောက် နေအိမ်ပြန်လာပို့ကာ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားတာဖြစ်ပါတယ်။

"ကျနော့အမေနဲ့ သမီးပေါ့။ ခုတပ်ထဲမှာ၊ ကျွန်တော့်ကို ဖခင်နေရာရော သားနေရာကပါ ခံစားစေချင်လို့နဲ့တူတယ်" လို့ ဦးမျိုးဝင်းက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဦးမျိုးဝင်းရဲ့မိခင်ဟာ အသက် ၉၀ ကျော်ရှိပြီးဖြစ်ကာ ကျန်းမာရေးမကောင်းလို့ နေအိမ်မှာ ဆေးကုသမှုခံယူနေရသူ ဖြစ်ပါတယ်။

ဦးမျိုးဝင်းဟာ မတ်လကတည်းက နေအိမ်ကနေ တိမ်းရှောင်နေတာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ NLD ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေကိုဆက်တိုက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...