ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

နေအိမ်ကနေတိမ်းရှောင်နေတဲ့ ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းကို ဖမ်းမမိလို့ ၄င်းရဲ့ မိခင်နှင့် သမီးဖြစ်သူကို စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာ ဦးမျိုးဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ဇနီးဖြစ်သူကို ကနဦးဖမ်းဆီးပြီးနောက် နေအိမ်ပြန်လာပို့ကာ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားတာဖြစ်ပါတယ်။

"ကျနော့အမေနဲ့ သမီးပေါ့။ ခုတပ်ထဲမှာ၊ ကျွန်တော့်ကို ဖခင်နေရာရော သားနေရာကပါ ခံစားစေချင်လို့နဲ့တူတယ်" လို့ ဦးမျိုးဝင်းက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဦးမျိုးဝင်းရဲ့မိခင်ဟာ အသက် ၉၀ ကျော်ရှိပြီးဖြစ်ကာ ကျန်းမာရေးမကောင်းလို့ နေအိမ်မှာ ဆေးကုသမှုခံယူနေရသူ ဖြစ်ပါတယ်။

ဦးမျိုးဝင်းဟာ မတ်လကတည်းက နေအိမ်ကနေ တိမ်းရှောင်နေတာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ NLD ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေကိုဆက်တိုက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...