ဟားခါးမြို့နယ်အချုပ်စခန်းမှထိန်းသိမ်းခံရသူ အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကလေးမြို့အကျဉ်းထောင်သို့ပို့ဆောင်

ဟားခါးမြို့နယ်အချုပ်စခန်းမှထိန်းသိမ်းခံရသူ အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကလေးမြို့အကျဉ်းထောင်သို့ပို့ဆောင်

ဟားခါးမြို့နယ် အချုပ်စခန်းတွင် ထိန်းသိမ်းခံရသောသူ တစ်ချို့ကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ရဟပ်ယာဉ်ဖြင့် ကလေးမြို့ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။

ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည့် ဦးရေအတိကျ မသိရှိရသေးသော်လည်း ခန့်မှန်းခြေ ၃ဦးမှ ၅ဦးခန့် ဖြစ်နိုင်ကြောင်းသိရပြီး ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နှင့်တရားစွဲဆိုကာပြစ်ဒဏ်စီရင်ခကေ်ချခံရသူအချို ့လည်း ပါဝင်ကြောင်းသိရသည်။

ကလေးမြို့ဘက်မှ ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ ၂၆၆ဗျူဟာကုန်းသို့ ရဟတ်ယာဉ်ဖြင့်လာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဟားခါးမြို့ အချုပ်စခန်းတွင် အချုပ်သား ၂၆ ဦးခန့် ကကျန်ရှိနေသေးကြောင်းလည်းသိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...