ဟားခါးမြို့နယ်အချုပ်စခန်းမှထိန်းသိမ်းခံရသူ အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကလေးမြို့အကျဉ်းထောင်သို့ပို့ဆောင်

ဟားခါးမြို့နယ်အချုပ်စခန်းမှထိန်းသိမ်းခံရသူ အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကလေးမြို့အကျဉ်းထောင်သို့ပို့ဆောင်

ဟားခါးမြို့နယ် အချုပ်စခန်းတွင် ထိန်းသိမ်းခံရသောသူ တစ်ချို့ကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ရဟပ်ယာဉ်ဖြင့် ကလေးမြို့ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။

ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည့် ဦးရေအတိကျ မသိရှိရသေးသော်လည်း ခန့်မှန်းခြေ ၃ဦးမှ ၅ဦးခန့် ဖြစ်နိုင်ကြောင်းသိရပြီး ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နှင့်တရားစွဲဆိုကာပြစ်ဒဏ်စီရင်ခကေ်ချခံရသူအချို ့လည်း ပါဝင်ကြောင်းသိရသည်။

ကလေးမြို့ဘက်မှ ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ ၂၆၆ဗျူဟာကုန်းသို့ ရဟတ်ယာဉ်ဖြင့်လာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဟားခါးမြို့ အချုပ်စခန်းတွင် အချုပ်သား ၂၆ ဦးခန့် ကကျန်ရှိနေသေးကြောင်းလည်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...