ထန်တလန်မြို့မိ/မြို့ဖတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ထန်တလန်မြို့မိ/မြို့ဖတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ချင်းပြည်နယ် ထန်တလန်မြို့အဝင်တွင် ယနေ့ညနေပိုင်း ၆ နာရီခန့်က ဟားခါးမြို့မှပြန်လာသော ထန်တလန် မြို့မိ/မြို့ဖများစီးလာသော အိမ်စီးကားကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် ဦးရာလ်သူ (Pu Ral Tu) ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့မိ/မြို့ဖများသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့မိမြို့ဖများ၊ ခရစ်ယာန်ပါစတာများနှင့် တွေ့ဆုံဆွေးနွေးကြပြီးနောက် ဟားခါးမြို့မှ ထန်တလန်သို့အပြန် မြို့အဝင်တွင် စစ်ကောင်စီတပ်က ၎င်းတို့စီးလာသောကားကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထန်တလ န်မြို့မိမြို့ဖ ဦးရာလ်သူ သေဆုံးသွားခြင်းဖြစ်သည်။

ဦးရာလ်သူးသည် ပြည်သူ့ကောင်စီခေတ်က ထန်တလန်မြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း ထန်တလန်မြို့တွင် ကြည်ညိုလေးစားခံရသော မြို့မိမြု့ဖတစ်ဦးဖြစ်သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...