ထန်တလန်မြို့မိ/မြို့ဖတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ထန်တလန်မြို့မိ/မြို့ဖတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ချင်းပြည်နယ် ထန်တလန်မြို့အဝင်တွင် ယနေ့ညနေပိုင်း ၆ နာရီခန့်က ဟားခါးမြို့မှပြန်လာသော ထန်တလန် မြို့မိ/မြို့ဖများစီးလာသော အိမ်စီးကားကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် ဦးရာလ်သူ (Pu Ral Tu) ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့မိ/မြို့ဖများသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့မိမြို့ဖများ၊ ခရစ်ယာန်ပါစတာများနှင့် တွေ့ဆုံဆွေးနွေးကြပြီးနောက် ဟားခါးမြို့မှ ထန်တလန်သို့အပြန် မြို့အဝင်တွင် စစ်ကောင်စီတပ်က ၎င်းတို့စီးလာသောကားကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထန်တလ န်မြို့မိမြို့ဖ ဦးရာလ်သူ သေဆုံးသွားခြင်းဖြစ်သည်။

ဦးရာလ်သူးသည် ပြည်သူ့ကောင်စီခေတ်က ထန်တလန်မြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း ထန်တလန်မြို့တွင် ကြည်ညိုလေးစားခံရသော မြို့မိမြု့ဖတစ်ဦးဖြစ်သည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...