ဟားခါးမြို့ Hakhathar ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်စွဲပြီး လူနေအိမ်များ ဖောက်ထွင်းမှုရှိနေ

ဟားခါးမြို့ Hakhathar ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်စွဲပြီး လူနေအိမ်များ ဖောက်ထွင်းမှုရှိနေ

ချင်းပြည်နယ် ဟားခါးမြို့ Hakhathar (၁) (Vailamtlang) ရပ်ကွက်အတွင်းရှိ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးတွင် အင်အား ၁၀၀ ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး အနီးနားရှိ လူနေအိမ်များ ဖောက်ထွင်းမှုရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရပ်ကွက်အတွင်းသို့ တပ်စွဲလာသည့်အတွက် အနီးနားပတ်ဝန်ကျင်မှ အိမ်ခြေ ၁၂ အိမ်ခန့်သည် ပြောင်းရွှေ့သွားကြပြီး လူမနေသည့်အိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းကာ ပစ္စည်းများသိမ်းယူကြကြောင်း နေအိမ်ဖောက်ထွင်းခံရသူတစ်ဦးက ပြောသည်။

“ခရိုင်မီးသတ်ရုံးမှာ စကစက တပ်စွဲလာတော့ အနီးနားမှာရှိတဲ့ ပြည်သူတွေကမနေရဲကြတော့ဘူး အိမ်သော့ခတ်ပြီး ပြောင်းရွှေ့ကြတယ်၊ မနေ့ကကျနော့အိမ်ဆိုရင် ဖောက်ခံရပြီး ပစ္စည်းတွေခိုးသွားကြတယ်" ဟု နေအိမ်ဖောက်ထွင်းခံရသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါရပ်ကွက်တွင် ပြီးခဲ့သည့်အပတ်က CDF နှင့် စစ်ကောင်စီတို့ ပစ်ခတ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...