ဟားခါးမြို့ Hakhathar ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်စွဲပြီး လူနေအိမ်များ ဖောက်ထွင်းမှုရှိနေ

ဟားခါးမြို့ Hakhathar ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်စွဲပြီး လူနေအိမ်များ ဖောက်ထွင်းမှုရှိနေ

ချင်းပြည်နယ် ဟားခါးမြို့ Hakhathar (၁) (Vailamtlang) ရပ်ကွက်အတွင်းရှိ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးတွင် အင်အား ၁၀၀ ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး အနီးနားရှိ လူနေအိမ်များ ဖောက်ထွင်းမှုရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရပ်ကွက်အတွင်းသို့ တပ်စွဲလာသည့်အတွက် အနီးနားပတ်ဝန်ကျင်မှ အိမ်ခြေ ၁၂ အိမ်ခန့်သည် ပြောင်းရွှေ့သွားကြပြီး လူမနေသည့်အိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းကာ ပစ္စည်းများသိမ်းယူကြကြောင်း နေအိမ်ဖောက်ထွင်းခံရသူတစ်ဦးက ပြောသည်။

“ခရိုင်မီးသတ်ရုံးမှာ စကစက တပ်စွဲလာတော့ အနီးနားမှာရှိတဲ့ ပြည်သူတွေကမနေရဲကြတော့ဘူး အိမ်သော့ခတ်ပြီး ပြောင်းရွှေ့ကြတယ်၊ မနေ့ကကျနော့အိမ်ဆိုရင် ဖောက်ခံရပြီး ပစ္စည်းတွေခိုးသွားကြတယ်" ဟု နေအိမ်ဖောက်ထွင်းခံရသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါရပ်ကွက်တွင် ပြီးခဲ့သည့်အပတ်က CDF နှင့် စစ်ကောင်စီတို့ ပစ်ခတ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...