ကျိုက်ထိုမှာ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုမှာ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုမှာ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီး ခဝါချောင်းတံတားနဲ့ ဝါးတာဂိတ်အကြားမှာ မနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ ကင်းပုန်းသိမ်းပြီးပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်တာက ကားလမ်းဘေးမှာ မိုင်းကွဲတာ။ မိုင်းကွဲတဲ့အချိန်မှာ စစ်ကားကရှေ့ရောက်နေပြီး။ မိုင်းတော့မထိသွားဘူး၊ မိုင်းကွဲပြီးတော့ စစ်သားတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ထိခိုက်ပျက်စီးမှုမရှိပေမယ့် စစ်ကားနဲ့ လက်လျက်မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီး မိုင်းစထိမှန်ခဲ့ပြီး ဆိုင်ကယ်ပေါ်က လူငယ်တစ်ဦးကို ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရမ်းသမ်းပစ်ခတ်ခဲ့လို့ အနီးအနားက နေအိမ်တစ်လုံးရဲ့ အိမ်နံရံတွေ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တွင်းပစ္စည်းတွေ ပြုတ်ကျ၍ နေအိမ်အတွင်းရှိ အဖွားအို ၁ ဦး ခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...