မီဇိုရမ်တွင် ချင်းအမျိုးသားနှစ်ဦးထံ ရူပီး (၂၆) သိန်းကျော်တန်ဖိုးရှိ Meth ဆေးပြားဖမ်းဆီး

မီဇိုရမ်တွင် ချင်းအမျိုးသားနှစ်ဦးထံ ရူပီး (၂၆) သိန်းကျော်တန်ဖိုးရှိ Meth ဆေးပြားဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Melbuk ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံ မှ သယ်ဆောင်လာသော ရူပီး (၂၆) ကျော်တန်ဖိုးရှိ Metamphetamine စိတ်ကြွဆေးပြားနဲ့အတူ ပိုင်ရှင်ဟုယူဆရ သော ချင်းအမျိုးသားနှစ်ဦးကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြား အလုံးရေ (၉၄၀၀) နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းပြည်နယ် Haimual ကျေးရွာသား Lalhmangaiha နှင့် Lalkungthara တို့ကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ND&PA Act ဖြင့် ဖမ်းဆီးအမှုဖွင့်ဆိုခဲ့ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသော Metamphetamine စိတ်ကြွဆေးပြားမှာ မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ် အတွင်း ကာလပေါက်စျေးအရ ရူပီး သိန်း ၂၆၃၂၀၀၀ ခန့်တန်ဖိုးရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Excise & Narcotic Department နှင့် Border Security Force ပူးပေါင်းပြီး Bawngkawn ရပ်ကွက်တွင် ချင်းပြည်နယ် ဖလမ်းခရိုင် Khawmawi ကျေးရွာမှသယ်ဆောင်လာသော ဘိန်းဖြူ (၂၉) ဟောင်နဲ့အတူ ပိုရှင်ဟုယူဆရသော ချင်းအမျိုးသားတဦး အပါအဝင် ဒေသခံမီဇိုးအမျိုးသား (၂) ဦး ဖမ်းဆီးခဲ့သည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...