မီဇိုရမ်တွင် ချင်းအမျိုးသားနှစ်ဦးထံ ရူပီး (၂၆) သိန်းကျော်တန်ဖိုးရှိ Meth ဆေးပြားဖမ်းဆီး

မီဇိုရမ်တွင် ချင်းအမျိုးသားနှစ်ဦးထံ ရူပီး (၂၆) သိန်းကျော်တန်ဖိုးရှိ Meth ဆေးပြားဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Melbuk ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံ မှ သယ်ဆောင်လာသော ရူပီး (၂၆) ကျော်တန်ဖိုးရှိ Metamphetamine စိတ်ကြွဆေးပြားနဲ့အတူ ပိုင်ရှင်ဟုယူဆရ သော ချင်းအမျိုးသားနှစ်ဦးကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြား အလုံးရေ (၉၄၀၀) နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းပြည်နယ် Haimual ကျေးရွာသား Lalhmangaiha နှင့် Lalkungthara တို့ကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ND&PA Act ဖြင့် ဖမ်းဆီးအမှုဖွင့်ဆိုခဲ့ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသော Metamphetamine စိတ်ကြွဆေးပြားမှာ မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ် အတွင်း ကာလပေါက်စျေးအရ ရူပီး သိန်း ၂၆၃၂၀၀၀ ခန့်တန်ဖိုးရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Excise & Narcotic Department နှင့် Border Security Force ပူးပေါင်းပြီး Bawngkawn ရပ်ကွက်တွင် ချင်းပြည်နယ် ဖလမ်းခရိုင် Khawmawi ကျေးရွာမှသယ်ဆောင်လာသော ဘိန်းဖြူ (၂၉) ဟောင်နဲ့အတူ ပိုရှင်ဟုယူဆရသော ချင်းအမျိုးသားတဦး အပါအဝင် ဒေသခံမီဇိုးအမျိုးသား (၂) ဦး ဖမ်းဆီးခဲ့သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...