ထန်တလန်မြို့မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦး မီဇိုရမ်တွင် လုံခြုံစွာရောက်ရှိ

ထန်တလန်မြို့မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦး မီဇိုရမ်တွင် လုံခြုံစွာရောက်ရှိ

ချင်းပြည်နယ် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်းပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြရာ ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦးလည်း မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိထန်တလန်မြို့အခြေအနေသည် စစ်ကောင်စီကြောင့် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သည့်အတွက် ထန်တလ န်တစ်မြို့လုံးနီးပါးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးရွာများဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထန်တလန်မြို့တွင် ကလေးငယ်များအား ပြုစုပျိူးထောင်ပေးနေသည့် Peniel Children Home မှ ကလေးငယ် ၁၈ ဦးနှင့်အတူ ၎င်းတို့အား အုပ်ထိန်းသည့် ဇနီးမောင်နှံတို့သည်လည်း မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် ဘေးကင်းလုံခြုံစွာ ရောက်ရှိလာကြကြောင်း မီဇိုရမ်နေ့စဉ်သတင်း Zonet က ရေးသားဖော်ပြသည်။

အဆိုပါမိဘမဲ့ဂေဟာရှိ ကလေးငယ်များမှာ အသက် ၄ နှစ်မှ ၁၉ နှစ်ကြားအရွယ်များ ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာကို ပါစတာ Van Nei Cung နှင့် Bawi Tha Zing တို့ဇနီး မောင်နှံက ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မိဘမဲ့ဂေဟာဖြစ်သည်။

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် စစ်ဘေးရှောင် အယောက် (၇၀) ရှိပြီး ဒေသခံပြည်သူလူထု များက နေရာထိုင်ခင်၊ စားဝတ်နေရေးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...