ထန်တလန်မြို့မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦး မီဇိုရမ်တွင် လုံခြုံစွာရောက်ရှိ

ထန်တလန်မြို့မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦး မီဇိုရမ်တွင် လုံခြုံစွာရောက်ရှိ

ချင်းပြည်နယ် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်းပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြရာ ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာမှ ကလေးငယ် ၁၈ ဦးလည်း မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိထန်တလန်မြို့အခြေအနေသည် စစ်ကောင်စီကြောင့် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သည့်အတွက် ထန်တလ န်တစ်မြို့လုံးနီးပါးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးရွာများဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထန်တလန်မြို့တွင် ကလေးငယ်များအား ပြုစုပျိူးထောင်ပေးနေသည့် Peniel Children Home မှ ကလေးငယ် ၁၈ ဦးနှင့်အတူ ၎င်းတို့အား အုပ်ထိန်းသည့် ဇနီးမောင်နှံတို့သည်လည်း မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် ဘေးကင်းလုံခြုံစွာ ရောက်ရှိလာကြကြောင်း မီဇိုရမ်နေ့စဉ်သတင်း Zonet က ရေးသားဖော်ပြသည်။

အဆိုပါမိဘမဲ့ဂေဟာရှိ ကလေးငယ်များမှာ အသက် ၄ နှစ်မှ ၁၉ နှစ်ကြားအရွယ်များ ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့ရှိ Peniel Children Home မိဘမဲ့ဂေဟာကို ပါစတာ Van Nei Cung နှင့် Bawi Tha Zing တို့ဇနီး မောင်နှံက ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မိဘမဲ့ဂေဟာဖြစ်သည်။

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Khawhri ကျေးရွာတွင် စစ်ဘေးရှောင် အယောက် (၇၀) ရှိပြီး ဒေသခံပြည်သူလူထု များက နေရာထိုင်ခင်၊ စားဝတ်နေရေးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...