Published
Wednesday, September 22, 2021
ကရင်ပြည်နယ်အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုရှိလာနေ၍ ဒေသခံပြည်သူတွေလုံခြုံမှုအတွက် ဗုံးခိုကျင်းပြင်ဆင် (စက်တင်ဘာလ ၂၂၊ ၂၀၂၁)
ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည် အယောက် ၄,၀၀၀ ကို ကိုဗစ်ကာကွယ်ဆေး ကနဦးထိုးနှံပေးသွားပါတယ်။
KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို လတ်တလော ကိုဗစ်ကူးစက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်တဲ့အတွက် မကျင်းပနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်အလယ်ပိုင်းဒေသတွေမှာ (KNLA)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာမှုတွေ ရှိလာနေတဲ့အပေါ် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံမှုအတွက် ဗုံးခိုကျင်းတွေ ပြင်ဆင်နေကြရပါတယ်။






