ဆိုင်ကယ်မရပ်သဖြင့် ပစ်ခတ်ရာ လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ဆိုင်ကယ်မရပ်သဖြင့် ပစ်ခတ်ရာ လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထားဝယ်ခရိုင်အတွင်းက လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေူရွာအုပ်စု၊ ဂေါ့အင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သူမှာ အသက် ၂၀ အရွယ် မောင်မျိုးဟိန်းဖြစ်သည်။

ထားဝယ်ဘက်မှ အောက်ရေဖြူဘက်ကို ဆိုင်ကယ်စီးဆင်းလာသော လူငယ်နှစ်ဦးကို ဂေါ့အင်းရွာရှိ နာရေးကူညီမှုရုံးခန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးရာ ဆိုင်ကယ်ရပ်မပေးသည့်အတွက်ဟုဆိုကာ အနောက်မှ လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၀ ခန့်အရွယ် မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောသည်။

“သေနတ်ထိတဲ့သူက နောက်ကစီးတဲ့သူ လက်မောင်းဆုံမှာ တစ်ချက်၊ ခြေထောက်မှာ တစ်ချက်ထိတယ်။ ဆိုင်ကယ်မောင်းတဲ့သူလည်း အဖမ်းခံရတယ်” ဟု အသက် ၃၀ ခန့်အရွယ် မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောသည်။

သေနတ်ထိမှန်သူသည် ကမြောကြီးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ထားဝယ်မြို့ပေါ် စစ်တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက အတည်ပြုပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ပုံမှန်ထွက်နေသည့် အောက်ရေဖြူကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကြပ်လျက်ရှိနေသည်။

ဂေါ့အင်းကျေးရွာသည် လောင်းလုံးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ လက်ရှိတွင် စစ်တပ်များတပ်စွဲထားပြီး စစ်ဆေးမှုများ အပြင်းအထန် ကြပ်မတ်နေသည့် အောက်ရေဖြူကျေးရွာနှင့် ကပ်လျက်တည်ရှိသည်။

ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင်လည်း စက်တင်ဘာ ၁၇ ရက်နေ့ ညဦးပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...